Wednesday, December 26, 2012

Google Play Store ( Android Market ) မှာ free ပေးထားတဲ့ application တွေကို ကွန်ပျူတာနဲ့ တိုက်ရိုက် download ဆွဲမယ်


Google Play Store ထဲကို ၀င်လို့မရသူတွေ အတွက်ပေါ့... မြန်မာနိုင်ငံအနေနဲ့ Android Market ထဲကို ၀င်လို့မရသေးပါဘူး... ကွန်ပျူတာနဲ့ပဲဝင်ဝင်... ဖုန်းနဲ့ပဲဝင်ဝင် မရပါဘူး... အခု tutorial လေးက Google Play Store ထဲဝင်လို့ရအောင် သင့်ကို ကူညီပေးပါလိမ့်မယ်...
Google Play Store ထဲမှာ ကျွန်တော်တို့ လိုချင်တဲ့စာအုပ်တွေ၊ ဂိမ်းတွေ၊ ဆော့ဖ်ဝဲလ်တွေ၊ အများကြီး အများကြီး ရှိပါတယ်... တစ်ချို့ကို ပိုက်ဆံပေးပြီး ၀ယ်သုံးရပါတယ်... ဒါပေမယ့် free ပေးထားတာတွေကလည်း အများကြီးပါ... အဲဒီတော့ ကျွန်တော်တို့ Market ထဲ တစ်ခါလောက် ၀င်ကြည့်လိုက်ရအောင်...




လိုအပ်တာတွေက ဒါလေးတွေပါဘဲ... အရင် ဆွဲလိုက်ပါအုန်း....



How to do

  1. Google Chrome Browser က version 23 နဲ့အထက် ရှိတယ်ဆိုရင် အဆင်ပြေပါပြီ... မရှိဘူးဆိုရင်တော့ download ဆွဲထားရပါလိမ့်မယ်... chrome ရဲ့နောက်ထွက်တဲ့ version တွေကသာ SSL error notifications ကို disabled လုပ်နိုင်လို့ပါ.... မဟုတ်ရင် အဆင်မပြေနိုင်ပါဘူး.... install လုပ်ထားပေးပါ...

  2. Android Device ID ကို ဘယ်လိုရှာမလဲဆိုတော့ နည်း (၂)နည်းရှိပါတယ်...
    • (ပထမနည်း) ပေးထားတဲ့ Android Device ID apk ဖိုင်ကို download ဆွဲပြီးရင် သင့်ရဲ့ Android Phone ထဲကို install လုပ်ပေးပါ... ပြီးရင်ဖွင့်ကြည့်လိုက်ပါ... အပေါ်ဆုံးက ( Google Service Framework ID ) ဆိုတာရဲ့အောက်က စာသားနဲ့ ဂဏန်းရောပါနေတဲ့ code ဟာ ကျွန်တော်တို့လိုချင်တဲ့ ID ပါဘဲ..  မှတ်ထားပေးပါ....
    • (ဒုတိယနည်း) Android Device ID apk ဖိုင်ကို ဒေါင်းလုပ်ဆွဲစရာ မလိုပါဘူး... ဖုန်းထဲမှာတင် ရှာနိုင်ပါတယ်... ဖုန်းခေါ်တဲ့ဂဏန်းကွက် ( Dial pad ) ကိုဖွင့်လိုက်ပါ... *#*#8255#*#* နှိပ်လိုက်ရင် "Gtalk Service Monitor" ဆိုတာ ပေါ်လာပါမယ်... အဲဒီထဲက Device ID စာသားနဲ့စတဲ့ လိုင်းကိုလိုက်ရှာပါ... " android- "စာသားရဲ့နောက်က ဂဏန်းနဲ့စာရောပါနေတဲ့ code ဟာ ကျွန်တော်တို့လိုချင်တဲ့ ID ပါဘဲ.. [ eg. 1a2b3c4d5e6f7g8h ] မှတ်ထားပေးပါ...

  3. မြန်မာနိုင်ငံကဆိုရင်တော့ ကျွန်တော်တို့ FreeGate ကို run ထားပေးဖို့ လိုပါမယ်... သူက server ကိုရှာပေးပါလိမ့်မယ်... Freegate ကို မဖွင့်ခင် အရင်ဆုံး  သင့်စက်ရဲ့ proxy server ကို ကျွန်တော်တို့ ပြင်ဖို့လိုပါမယ်... Control Panel > Internet Options > Connections tab > LAN settings > Automatic configuration ဆိုတာတွေကို အမှန်ခြစ် ဖြုတ်ပါ... Proxy server ဆိုတာကို အမှန်ခြစ်ပါ... Address: 127.0.0.1 | Port: 8580 ကိုထည့်ပေးပါ... တစ်ခြားဂဏန်း ရှိပြီးသားဆို ပြင်လိုက်ပါ... Bypass proxy server ဆိုတာကို အမှန်ခြစ်ထားပေးပါ... OK > OK နှိပ်ပေးပါ... ဒါဆို ကျွန်တော်တို့ proxy server ပြင်ပြီးပါပြီ...



    Freegate ကို run ထားပေးပါ... Server A,B,C ဆိုတာတွေပေါ်လာပြီး Browser တစ်ခုပွင့်လာပြီး တရုတ်စာတစ်ချို့ပါတဲ့ webpage တစ်ခု ကျလာပြီဆိုရင် Freegate ကိုအောင်မြင်စွာ run နိုင်ပါပြီ... ပွင့်လာတဲ့ Browser က Chrome မဟုတ်ရင် ပြန်ပိတ်လိုက်နိုင်ပါတယ်... မလိုအပ်လို့ပါ... တရုတ်စာနဲ့ webpage မကျလာဘူးဆိုင်ရင်တော့ မရသေးပါဘူး... အစအဆုံး သေချာပြန်စစ်ပါ...

  4. Chrome Browser ရပြီ... Device ID ရပြီ... Freegate ကိုလဲ run ထားပြီးပြီဆိုရင် ကျွန်တော်တို့ Chrome မှာ Extension ထည့်ပေးရပါမယ်... Firefox မှာဆိုရင် Addon လို့ခေါ်ပါတယ်... Chrome ကို install လုပ်ပြီးပြီဆိုရင် APK Downloader link ကို ဖွင့်လိုက်ပါ... chrome ထဲကို install လုပ်ပါလိမ့်မယ်... ဒါမှမဟုတ် dowloader တစ်ခုခုနဲ့ (.crx) ဖိုင်ကို ဆွဲထားပြီးသားဆိုရင် chrome://extensions/ ဆိုတဲ့ page ကိုသွားပါ... (.crx) ဖိုင်ကို drag ဆွဲပြီး page ပေါ်တင်ပေးလိုက်ပါ... install လုပ်ပါလိမ့်မယ်... အဲဒါဆိုရင် ကျွန်တော်တို့ APK Downloader ကို သွင်းပြီးပါပြီ... APK Download option ထဲသွားပါ... setting မှာ email လိပ်စာနဲ့ password ကိုဖြည့်ပေးပါ... ID နေရာမှာ ကျွန်တော်တို့ အရင်ရှာထားတဲ့ Android Device ID ကိုထည့်ပေးပါ... ကျန်တာ ဒီအတိုင်းထားပြီး login နှိပ်လိုက်ပါ... အခုဆိုရင် အောင်မြင်စွာနဲ့ Android Market ကို ၀င်ရောက်နိုင်ပါပြီ...
    ( မှတ်ချက်။ Google Andorid Market ထဲဝင်ရန် Google Account ရှိမှသာရပါမည်... Email , password နှင့် ID ကို random လျှောက်ဖြည့်၍ မရနိုင်ပါ... Email , password နှင့် ID ကိုလည်း Market ထဲဝင်ရန်အတွက် သင့်စက်ရဲ့ cookie အဖြစ်သာ ထားရှိခြင်းဖြစ်ပါသည်... စိုးရိမ်မှုရှိရန် မလိုပါ...)
    ဒါကတော့ မူရင်းဆိုက်မှာ ရေးထားပေးတာပါ... အကြံပြုချင်တာက တကယ်လို့ သင့်စိတ်ထဲ password ထည့်ပေးရလို့ မလုံခြုံဘူးထင်ရင် Gmail Account အသစ်တစ်ခုလျှောက်ပြီးမှ သုံးလဲအဆင်ပြေပါတယ်...

  5. အကုန်လုံးတော့ သွင်းပြီးပြီ... ဘယ်လိုဒေါင်းရမလဲဆိုတော့... အရင်ဆုံး Google Play Store (https://play.google.com) ထဲဝင်လိုက်ပါ... ကိုယ်ဒေါင်းချင်တဲ့ Android App  တစ်ခုကို ဖွင့်လိုက်ပါ... Address bar က ညာဘက်ရှိ ကြယ်လေးရဲ့ဘေးမှာ Android စက်ရုပ်ပုံလေး ပေါ်လာပါမယ်(မပေါ်လာသေးရင် ခဏစောင့်လိုက်ပါ) ပုံလေးကိုနှိပ်လိုက်ပါ...



    နောက် page အသစ်တစ်ခု ထွက်လာပါမယ်... စပြီး ဒေါင်းနေပါပြီ... တစ်ခြား Application တွေကိုလည်း ဒီအတိုင်းပဲ ဒေါင်းနိုင်ပါတယ်... ကျွန်တော်ကိုယ်တိုင်လည်း ဒီအတိုင်းပဲ ဒေါင်းနေတာမို့ အဆင်ပြေပါတယ်... Android နဲ့ ပျော်ရွှင်နိုင်ကြပါစေ....

ဟူး... မောလိုက်တာ... comment နဲ့ like ပေးတာက ကျွန်တော့အတွက် ရေတစ်ခွက်ပါဘဲ... ရေတစ်ခွက်လောက်များ ရမလားမသိဘူးနော်... :D

If you like this, press like button & share your friend. Thank you reading.

Saturday, December 22, 2012

Windows Password မေ့သွားသလား ? Trinity Rescue Kit နဲ့ reset ပြန်လုပ်မယ်...

ကျွန်တော်တို့တွေ ကွန်ပျူတာကိုသုံးတဲ့အခါ လုံခြုံမှုအတွက် password ပေးပြီး သုံးကြပါတယ်... password ကိုလည်း အလွယ်တကူ တစ်ပါးသူ မသိနိုင်အောင်၊ ခန့်မှန်းလို့မရအောင် အမျိုးမျိုးပေးကြပါတယ်... ၈ လုံးအထက် ၉ လုံးအထက်တွေပေါ့... ဂဏာန်း၊ အက္ခရာ၊ သင်္ကေတတွေ ရောပြီးတော့ ပေးကြပါတယ်... security အရ ထိုးဖောက်ဖို့ တော်တော့်ကို ခက်ခဲသွားပါပြီ... ဒီလိုအချိန်တွေမှာ ဘာဖြစ်လာသလဲဆိုတော့ ကိုယ်ပေးထားတဲ့ password ကို မေ့သွားတတ်ကြတယ်... ဥာဏ်ကောင်းတဲ့သူတွေကိုတော့ မဆိုလိုပါဘူး.... သာမန်လူတွေအတွက်ပေါ့... နောက်တစ်ခုက ကိုယ့်ကွန်ပျူတာကို တစ်ခြားသူတစ်ယောက်ယောက်က စနာက်ချင်လို့ပဲဖြစ်ဖြစ်၊ အတည်ပဲဖြစ်ဖြစ် ၀င်ပြီး password ပေးသွားခဲ့ရင် ကိုယ့်ကွန်ပျူတာကို ကိုယ်ပြန်ဖွင့်ဖို့ အဆင်မပြေတော့ပါဘူး... ဒီတော့ ဘာလုပ်လဲ service ဆိုင်ပြေးရတယ်... service ဆိုင်က ဘာလုပ်ပေးသလဲဆိုတော့ အခုလို နည်းလမ်းတွေအတိုင်းပဲ password ကိုပြန်ဖြည်ပေးပါလိမ့်မယ်... ဒီတော့ ပြင်ဆိုင်မသွားဘဲ ကိုယ့်ဘာသာကိုယ်ရော လုပ်လို့မရဘူးလား...? ရတာပေါ့... လွယ်လွယ်လေးပဲကို...

အခုသုံးမယ့် tool ကို Trinity Rescue Kit လို့ခေါ်တယ်... ISO image အနေနဲ့ရမယ်... အဲဒါကို download ဆွဲလိုက်ပါ... ပြီးရင် CD ခွေမှာအရင် Burn လိုက်ပါ...  ကိုယ် password reset လုပ်မယ့် ကွန်ပျူတာရဲ့ CD Drive ထဲထည့်ထားပါ... ကွန်ပျူတာကို restart လုပ်ပါ... Boot Menu ရွေးရန်အတွက် F12 ကိုနှိပ်ထားပေးပါ... Boot Menu Screen တက်လာရင် CD Drive ကိုရွေးပေးပါ... အဲဒါဆိုရင် Trinity Rescue Kit နဲ့ Boot တက်လာပါလိမ့်မယ်... ကျန်တာတွေကိုတော့ Video ဖိုင်နဲ့ရှင်းပြထားတာမို့ မပြောတော့ပါဘူး.... Video ဖိုင် (၂)ခုရှိပါတယ်... အလွယ်လေးပါဘဲ... လက်တွေ့လုပ်ကြည့်လိုက်ပါ...

နည်းပညာတွေကို မျှဝေရတာကလည်း ပျော်စရာတစ်ခုပါဘဲ...




Trinity Rescue Kit 3.4-build-372




Resetting Windows Passwords.flv




Windows 7 Admin User Password Hack [HQ].flv



If you like this, press like button & share your friend. Thank you reading.

Tuesday, December 18, 2012

Ebook တွေဖတ်ဖို့ Adobe Reader 11.0





internet က ဆွဲထားတဲ့ ebook တွေကို ဖတ်ဖို့ဆိုရင် ebook reader တစ်ခုခုတော့ ရှိမှဖြစ်ပါမယ်... အခု ဒီဟာလေးက ကူညီပေးပါလိမ့်မယ်... ebook ဖွင့်ရတာလည်း မြန်မြန်ဆန်ဆန်ပါဘဲ... တစ်ခြား reader တော်တော်များများတော့ ရှိပါတယ်... ဒါပေမယ့် ဒီဟာလေးက နာမည်ရှိပြီးသား adobe ကထုတ်ထားတာဆိုတော့ ပိုပြီးအဆင်ပြေနိုင်ပါတယ်... နောက်ပြီး ကျွန်တော်တို့အကြိုက် free ပဲပေါ့... စမ်းသုံးကြည့်လိုက်ပါအုန်း... သင့်ရဲ့အခက်အခဲကို တစ်ထောင့်တစ်နေရာကနေ ကူညီခွင့်ရမယ်ဆိုရင် ကျွန်တော် ကျေနပ်မိမှာပါပဲ....


Adobe Reader 11.0




If you like this, press like button & share your friend. Thank your reading.

Thursday, December 6, 2012

C++, Java, CSS, HTML Webpage တွေရဲ့ Source Code တွေရေးဖို့ Notepad++ 6.2.2


Program ရေးတဲ့အခါ... Webpage တွေဖန်တီးတဲ့အခါ... အထူးပြုထားတဲ့ software တွေနဲ့ တစ်ချို့ကရေးပါတယ်... ဥပမာ webpage တွေအတွက် Dreamwear ပေါ့... C++ programming အတွက် Dev-C++ ဆိုတဲ့ software တွေပေါ့... ကောင်းပါတယ်... အလွယ်ကူဆုံး သုံးလို့ရအောင် လုပ်ထားပေးတဲ့ software တွေပါ... ဒါပေမယ့် ကျွန်တော်တို့ source code တွေကို အခြေခံကစပြီး လေ့လာတော့မယ်ဆိုရင် အရင်ဆုံး notepad နဲ့ပဲလေ့လာဖို့ ဆရာ့ဆရာကြီးတွေက recommend ပေးခဲ့ပါတယ်... Windows မှာ တစ်ခါတည်းပါတဲ့ အရိုးရှင်းဆုံး tool တစ်ခုပါဘဲ... အခု ဒီ Notepad++ ဆိုတာကတော့ ရိုးရှင်းမှုကို ထပ်မံဆန်းသစ်ထားတာပါ... source code တွေကို color တွေနဲ့ ခွဲခြားနိုင်ပါမယ်... line number နဲ့ colum number တွေပါမယ်... Double View မြင်ခွင့်ရမယ်... ဒါပေမယ့် programming language တွေဖြစ်တဲ့ C++,C#,Java စတာတွေကိုတော့ Encode လုပ်ပေးမှာ မဟုတ်ပါဘူး... သူက source code သာရေးလို့ရမှာဖြစ်ပါတယ်... အခုလက်ရှိ Notepad++ 6.2.2 ဆိုပြီး ထွက်နေပါပြီ... 5.62MB လောက်တော့ရှိပါတယ်...





Notepad++ 6.2.2




If you like this, press like button & share your friend. Thank you reading.

Google Chrome 24.0.1312.32 Beta တဲ့ဗျာ


အပြင်အဆင် ရိုးရှင်းတာကိုက သူ့ရဲ့ထူးခြားချက်... နောက်ပြီးတော့ google ကထုတ်တာဆိုတော့ သိတယ်မလား... လျှင်မြန်မှုမှာ ပြောစရာမလိုဘူး... Software သွင်းပြီးချိန်မှာ Borwser အတွက် Add-ons တွေကို ရွေးချယ်အသုံးပြုလို့ရအောင် တစ်ခါတည်းပြပေးထားပါတယ်... Social အတွက် Add-ons လား ? Game အတွက် Add-ons လား ? Weather အတွက် Add-ons လား ? Developer အတွက် Add-ons လား ? အများကြီးရှိပါတယ်... စိတ်ကြိုက်ယူရုံပါဘဲ... တစ်ချို့ website တွေဟာ ဒီ Google Chrome နဲ့ဆို တော်တော်အဆင်ပြေပါတယ်... စက်ထဲမှာ Browser (၂)ခုလောက်ထားထားတာဟာ တစ်ခါတစ်လေ တော်တော်အသုံးဝင်ပါတယ်... ကျွန်တော် Recomment ပေးရရင် Firefox နဲ့ Chrome ပေါ့... ကျွန်တော့်အကြိုက်ပါဘဲ.. firefox ကို ဒီမှာ တင်ပေးထားပြီးပါပြီ... အခုက Chrome အလှည့်ပေါ့... Version ကတော့ Beta ပါဘဲ... Google Chrome 24.0.1312.32 Beta တဲ့ 29.33MB လောက်တော့ရှိတယ်.... ဆွဲကြည့်လိုက်ပါအုန်း...







Google Chrome 24.0.1312.32 Beta





If you like this, press like button & share your friend. Thank you reading.

Firefox Browser 18.0 beta 3 တဲ့ ထွက်ပြန်ပြီ



ကျွန်တော်တို့ လူသုံးများတဲ့ အကြိုက်ဆုံး Browser ဆိုရင် Firefox လို့ ပြောကြမယ်ထင်တယ်... ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံက အပြင်အဆင်က smart ကျတယ်... Performance အနေနဲ့ဆိုရင်လည်း powerful ပဲ။ မြန်ဆန်တယ်... user တွေအတွက် လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်တယ်... Security အရလည်း လုံခြုံမှု အပြည့်အ၀ပေးထားတယ်... Addon တွေကလည်း မရေမတွက်နိုင်လောက်အောင် များပြားတယ်... ဒီလောက် စွမ်းဆောင်ရည်တွေ၊ လုံခြုံရေးတွေ၊ အပြင်အဆင်တွေ ကောင်းနေတာတောင် Free ရတဲ့အတွက် လူသုံးများတယ်လို့ ဆိုနိုင်တယ်... အခု Version အသစ် ထပ်ထွက်ပါတယ်... Beta Version ပါ ... firefox 18.0 Beta 3 တဲ့... ကြိုက်ရင် ဆွဲလိုက်ပါအုန်း...




Firefox Browser 18.0 beta 3




If you like this, press like button & share your friend. Thank you reading.

Tuesday, November 27, 2012

Android Phone မှာ root လုပ်စရာမလိုဘဲ မြန်မာလိုသုံးနိုင်တဲ့ Application များ




Android Phone မှာ မြန်မာလိုသုံးမယ်ဆိုရင် Root အရင်လုပ်ရပါတယ်... အဲဒါမှသာ သုံးလို့ရပါတယ်...
အခု application က root လုပ်စရာမလိုဘဲနဲ့ အသုံးပြုနိုင်မှာပါ... root လုပ်ရတဲ့အခက်အခဲ သက်သာသွားတာပေါ့... down ဖို့အတွက် အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ထားပေးပါတယ်... အခုလက်ရှိ (၅)ခု တင်ထားပေးပါတယ်...
1.) 1st MM Browser
2.) MM SMS
3.) MM Email
4.) MyanBrowser
5.) Chat for MM

1st MM Browser



MM SMS



MM Email



MyanBrowser



Chat for MM




If you like this, press like button & share your friend. Thank you reading.


 


Like Me On Facebook
You can say something
Recent Activity Feed

Post အသစ်တွေကို Facebook ပေါ်မှာဖတ်ချင်ရင် like လုပ်ပေးခဲ့ပါ

Please comment me !!!


.::   အသစ်ကိုမှ ဖတ်ချင်တယ်ဆိုရင်   ::.


Phone | Windows | Linux | Game | Software | Ebook | Tutorial

Myanmar Student Library ( MSL ) is optimized for learning, downloading and training.
While using this blog, you agree to have read and accepted my privacy policy.
Copyright 2013 by Myanmar Student Library ( MSL ). All Rights Reserved.