ကျွန်တော်တို့တွေ ကွန်ပျူတာကိုသုံးတဲ့အခါ လုံခြုံမှုအတွက် password ပေးပြီး သုံးကြပါတယ်... password ကိုလည်း အလွယ်တကူ တစ်ပါးသူ မသိနိုင်အောင်၊ ခန့်မှန်းလို့မရအောင် အမျိုးမျိုးပေးကြပါတယ်... ၈ လုံးအထက် ၉ လုံးအထက်တွေပေါ့... ဂဏာန်း၊ အက္ခရာ၊ သင်္ကေတတွေ ရောပြီးတော့ ပေးကြပါတယ်... security အရ ထိုးဖောက်ဖို့ တော်တော့်ကို ခက်ခဲသွားပါပြီ... ဒီလိုအချိန်တွေမှာ ဘာဖြစ်လာသလဲဆိုတော့ ကိုယ်ပေးထားတဲ့ password ကို မေ့သွားတတ်ကြတယ်... ဥာဏ်ကောင်းတဲ့သူတွေကိုတော့ မဆိုလိုပါဘူး.... သာမန်လူတွေအတွက်ပေါ့... နောက်တစ်ခုက ကိုယ့်ကွန်ပျူတာကို တစ်ခြားသူတစ်ယောက်ယောက်က စနာက်ချင်လို့ပဲဖြစ်ဖြစ်၊ အတည်ပဲဖြစ်ဖြစ် ၀င်ပြီး password ပေးသွားခဲ့ရင် ကိုယ့်ကွန်ပျူတာကို ကိုယ်ပြန်ဖွင့်ဖို့ အဆင်မပြေတော့ပါဘူး... ဒီတော့ ဘာလုပ်လဲ service ဆိုင်ပြေးရတယ်... service ဆိုင်က ဘာလုပ်ပေးသလဲဆိုတော့ အခုလို နည်းလမ်းတွေအတိုင်းပဲ password ကိုပြန်ဖြည်ပေးပါလိမ့်မယ်... ဒီတော့ ပြင်ဆိုင်မသွားဘဲ ကိုယ့်ဘာသာကိုယ်ရော လုပ်လို့မရဘူးလား...? ရတာပေါ့... လွယ်လွယ်လေးပဲကို...
အခုသုံးမယ့် tool ကို Trinity Rescue Kit လို့ခေါ်တယ်... ISO image အနေနဲ့ရမယ်... အဲဒါကို download ဆွဲလိုက်ပါ... ပြီးရင် CD ခွေမှာအရင် Burn လိုက်ပါ... ကိုယ် password reset လုပ်မယ့် ကွန်ပျူတာရဲ့ CD Drive ထဲထည့်ထားပါ... ကွန်ပျူတာကို restart လုပ်ပါ... Boot Menu ရွေးရန်အတွက် F12 ကိုနှိပ်ထားပေးပါ... Boot Menu Screen တက်လာရင် CD Drive ကိုရွေးပေးပါ... အဲဒါဆိုရင် Trinity Rescue Kit နဲ့ Boot တက်လာပါလိမ့်မယ်... ကျန်တာတွေကိုတော့ Video ဖိုင်နဲ့ရှင်းပြထားတာမို့ မပြောတော့ပါဘူး.... Video ဖိုင် (၂)ခုရှိပါတယ်... အလွယ်လေးပါဘဲ... လက်တွေ့လုပ်ကြည့်လိုက်ပါ...
Saturday, December 22, 2012
Windows Password မေ့သွားသလား ? Trinity Rescue Kit နဲ့ reset ပြန်လုပ်မယ်...
Mr.Crystal
No comments
နည်းပညာတွေကို မျှဝေရတာကလည်း ပျော်စရာတစ်ခုပါဘဲ...
If you like this, press like button & share your friend. Thank you reading.
0 comments:
Post a Comment