Program ရေးတဲ့အခါ... Webpage တွေဖန်တီးတဲ့အခါ... အထူးပြုထားတဲ့ software တွေနဲ့ တစ်ချို့ကရေးပါတယ်... ဥပမာ webpage တွေအတွက် Dreamwear ပေါ့... C++ programming အတွက် Dev-C++ ဆိုတဲ့ software တွေပေါ့... ကောင်းပါတယ်... အလွယ်ကူဆုံး သုံးလို့ရအောင် လုပ်ထားပေးတဲ့ software တွေပါ... ဒါပေမယ့် ကျွန်တော်တို့ source code တွေကို အခြေခံကစပြီး လေ့လာတော့မယ်ဆိုရင် အရင်ဆုံး notepad နဲ့ပဲလေ့လာဖို့ ဆရာ့ဆရာကြီးတွေက recommend ပေးခဲ့ပါတယ်... Windows မှာ တစ်ခါတည်းပါတဲ့ အရိုးရှင်းဆုံး tool တစ်ခုပါဘဲ... အခု ဒီ Notepad++ ဆိုတာကတော့ ရိုးရှင်းမှုကို ထပ်မံဆန်းသစ်ထားတာပါ... source code တွေကို color တွေနဲ့ ခွဲခြားနိုင်ပါမယ်... line number နဲ့ colum number တွေပါမယ်... Double View မြင်ခွင့်ရမယ်... ဒါပေမယ့် programming language တွေဖြစ်တဲ့ C++,C#,Java စတာတွေကိုတော့ Encode လုပ်ပေးမှာ မဟုတ်ပါဘူး... သူက source code သာရေးလို့ရမှာဖြစ်ပါတယ်... အခုလက်ရှိ Notepad++ 6.2.2 ဆိုပြီး ထွက်နေပါပြီ... 5.62MB လောက်တော့ရှိပါတယ်...


0 comments:
Post a Comment